အဖွဲ့အစည်း
ကချင်ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့
ကချင်ပြည်နယ်အတွင်း စီမံအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများနှင့် ပြည်သူလူထုသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု ကင်းရှင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ လိုအပ်ချက်များအား ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အား အောက်ပါအတိုင်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်-
(က) |
ညွှန်ကြားရေးမှူး ကချင်ပြည်နယ်အစိုးရအဖွဲ့ |
အဖွဲ့ခေါင်းဆောင် |
(ခ) |
ညွှန်ကြားရေးမှူး ပြည်နယ်ဥပဒေချုပ်ရုံး |
အဖွဲ့ဝင် |
(ဂ) |
ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး |
အဖွဲ့ဝင် |
(ဃ) |
ညွှန်ကြားရေးမှူး ပြည်နယ်မီးသတ်ဦးစီးဌာန |
အဖွဲ့ဝင် |
(င) |
ညွှန်ကြားရေးမှူး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန |
အဖွဲ့ဝင် |
(စ) |
ညွှန်ကြားရေးမှူး ပြည်တွင်းအခွန်များဦးစီးဌာန |
အဖွဲ့ဝင် |
(ဆ) |
ညွှန်ကြားရေးမှူး ပြည်နယ်သစ်တောဦးစီးဌာန |
အဖွဲ့ဝင် |
(ဇ) |
ညွှန်ကြားရေးမှူး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ |
အဖွဲ့ဝင် |
(ဈ) |
ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ည) |
ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ပြည်နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း |
အဖွဲ့ဝင် |
(ဋ) |
ညွှန်ကြားရေးမှူး ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ဌ) |
ဒုတိယညွှန်ကြားရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန |
အဖွဲ့ဝင် |
(ဍ) |
လက်ထောက်အထွေထွေမန်နေဂျာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း |
အဖွဲ့ဝင် |
နိဒါန်း |
ကချင်ပြည်နယ်အတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့အား ပြည်နယ်အဆင့် ဌာနဆိုင်ရာ(၁၃)ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ခရိုင်/မြို့နယ် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ပြည်နယ်အတွင်း အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ အဂတိလိုက်စားမှု ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင်စိစစ်ဖော်ထုတ်ခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှု အန္တရာယ်ဖြစ်နိုင်ခြေရှိမှုကို ဆန်းစစ် အကဲဖြတ်ခြင်းနှင့် အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါသည်။ |
မူဝါဒ |
ကချင်ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့သည် " ပြည်သူများအား အသိ ပညာပေး ဆောင်ရွက်ခြင်းဖြင့် ကချင်ပြည်နယ်အတွင်း အဂတိလိုက်စားမှု လျော့ပါးပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်း"ကို မူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ |
ရည်ရွယ်ချက် |
ကချင်ပြည်နယ်အတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။ |
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များအတွက် လုပ်ငန်းတာဝန်(၃)ရပ် |
၁။ ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုနှင့်သက်ဆိုင်သော အဂတိလိုက်စားမှုပြဿနာများကို စိစစ်ဖော်ထုတ်ရန်- (က) တိုင်ကြားမှုယန္တရားထူထောင်ခြင်း၊ (ခ) စောင့်ကြပ်စိစစ်ခြင်းနှင့်အကဲဖြတ်ခြင်း၊ (ဂ) စစ်တမ်းကောက်ယူခြင်း။ ၂။ တွေ့ရှိလာသောပြဿနာများကို ဥပဒေနှင့်အညီဖြေရှင်းရန်- (က) နိုင်ငံ့ဝန်ထမ်းဥပဒေအရ စုံစမ်းစစ်ဆေးခြင်း၊ (ခ) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ လွှဲပြောင်းပေးခြင်း။ ၃။ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်သွားရန်- (က) အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း(Corruption Risk Assessment-CRA)၊ |
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များအတွက် လုပ်ငန်းအစီအစဉ်(၆)ရပ် |
၁။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ ခွင့်ပြုချက်ဖြင့် အဂတိလိုက်စား မှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အသီးသီးအတွက် လုပ်ငန်းလမ်းညွှန် (Terms of Reference - TOR)များကို ရေးဆွဲထားရှိရန်၊ ၂။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ ခွင့်ပြုချက်ရယူလျက် အဂတိ လိုက် စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အချက်များပါဝင်သော တည်မြဲလုပ်ထုံးလုပ်နည်းများ (Standing Operating Procedures - SOP)ကို သက်ဆိုင်ရာဌာနများက ရေးဆွဲရေးနှင့် အများပြည်သူ သိသင့် သည်များကို လက်အောက်ရုံး/ ဌာနခွဲ/ ဌာနစိတ် တို့တွင် ပွင့်လင်း မြင်သာသောနည်းလမ်းဖြင့် ထင်ရှားစွာ ရေးသားချိတ်ဆွဲပြသထားရန်၊ Website များတွင်လည်း ထည့်သွင်းအသိပေးကြေငြာရန်၊ ၃။ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်းကို အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအဖွဲ့(CPU)များက တာဝန်ယူဆောင်ရွက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်များထံ တင်ပြသွားရန်၊ ၄။ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိမှုမှ ကာကွယ်ရန်အတွက် အစိုးရဌာနများနှင့် ဆက်စပ်လုပ်ကိုင်သော စီးပွားရေး လုပ်ငန်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာကျင့်ဝတ်များ ရေးဆွဲထားခြင်း ရှိ/ မရှိ စိစစ်ရန်နှင့် ကျင့်ဝတ်ရေးသား လိုက်နာခြင်းမရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဝယ်ယူရေး၊ ရောင်းချရေး၊ တည်ဆောက်ရေးကိစ္စများ၌ လက်ခံဆောင်ရွက်ခြင်းမပြုရန်၊ ၅။ တစ်ဖက်နှင့်အခြားတစ်ဖက် အခက်အခဲများဖြေရှင်းရန်နှင့် အထင်အမြင်လွဲမှားမှုမရှိစေရန် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအကြား အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဖိုရမ်များ၊ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး အဂတိ လိုက်စားမှု တားဆီကာကွယ်ရေးအဖွဲ့(CPU)များက ညှိနှိုင်းစီစဉ်ပေးရန်၊ ၆။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ လမ်းညွှန်မှုကို ခံယူလျက် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)များသည် အောက်ခြေရုံးဌာနခွဲများတွင် ဝန်ဆောင်မှု ရယူကြသော ပြည်သူတစ်ဦးချင်းထံသို့ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီ အစဉ် (Public Feedback Programme - PFP)အသုံးပြု၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြီး |